Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ၏ ယခင်တစ်ပတ်နှင့်ယခုတစ်ပတ် နှိုင်းယှဉ်အခြေအနေများ

Last Updated:

နှမ်း(မျိုးစုံ)

နှမ်းမျိုးစုံ ယခုတစ်ပတ် တစ်တင်းလျှင် နှမ်းဖြူ (၈၆၀၀၀)ကျပ်၊နှမ်းနက် (၈၁၀၀၀)ကျပ်၊ နှမ်းညို တစ်တင်းလျှင် (၇၁၀၀၀) ကျပ်၊ နှမ်းနီ တစ်တင်းလျှင် (၇၁၀၀၀)ကျပ်ရှိပြီး ယခင်တစ်ပတ်ကာလတူအချိန်ပေါက်ဈေးနှုန်းများမှာ တစ်တင်းလျှင် နှမ်းဖြူ (၈၂၀၀၀-၈၅၀၀၀)၊ နှမ်းနက် တစ်တင်းလျှင် (၇၀၀၀၀- ၈၃၀၀၀) ကျပ်၊ နှမ်းညို တစ်တင်းလျှင် (၇၀၀၀၀) ကျပ်၊ နှမ်းနီ တစ်တင်းလျှင် (၇၀၀၀၀)ကျပ် ပေါက်ဈေးရှိ၍ ယခုတစ်ပတ်နှင့် ယခင်တစ်ပတ်နှိုင်းယှဉ် ပါက နှမ်းနက် တစ်တင်းလျှင် (၂၀၀၀)ကျပ်ကျဆင်းနေပြီး နှမ်းဖြူနှင့် နှမ်းနီဈေးများ အနည်းငယ်မြင့်တက်လာကြောင်းသိရပါသည်။

မြေပဲလုံးဆံ

ယခုတစ်ပတ် မြေပဲလုံးဆံပေါက်ဈေးများမှာ လုံးဆံဖြူ တစ်ပိဿာ (၅၃၀၀-၅၁၀၀)ကျပ်၊ ဆီဆံဖြူ တစ်ပိဿာ (၄၈၀၀-၄၇၀၀)ကျပ်ရှိပြီး ယခင်တစ်ပတ် ကာလတူ အချိန်တွင်  လုံးဆံဖြူ တစ်ပိဿာ (၅၁၀၀)ကျပ်၊ ဆီဆံဖြူ တစ်ပိဿာ (၄၇၀၀)ကျပ်ပေါက်ဈေးရှိပါသည်။ ယခုတစ်ပတ်နှင့် ယခင်ကာလတူ နှိုင်းယှဉ်ပါက မြေပဲလုံးဆံဖြူ၊ ဆီဆံဖြူ  ဈေးများ အနည်းငယ်မြင့်တက်နေကြောင်း သိရပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာ

Category: Local News